အလုပ်သမားရေးရာ ဦးစီးဌာန

ပြည်ပ အိမ်အကူ

အွန်လိုင်းမှ စုံစမ်းမေးမြန်းခြင်း(သို့)တိုင်ကြားခြင်းပုံစံ ဖြည့်ရာတွင်မှတ်သားရမည့်အချက်များ

၁။ ကျေးဇူးပြု၍ သင်သိသမျှကို ပုံစံတွင်ပြီးပြည့်စုံအောင် ဖြည့်စွက်ပေးပါ။ သင်ပေးထားသော အချက်အလက်များကို လျှို့ဝှက်ထား ရှိပါမည်။ သင်ပေးသောအချက်အလက်များမပြည့်စုံပါက ကျွန်ပ်တို့မှသင့်၏စုံစမ်းမေးမြန်းခြင်း/တိုင်ကြားမှုကို မှန်ကန်စွာဖြင့် လုပ်ကိုင်ဆောင်ရွက် နိုင်လိမ့်မည်မဟုတ်ပါ။

၂။ (အကယ်၍ရှိခဲ့လျှင်) ပုံစံနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ/အထောက်အထားများ ကိုပူးတွဲ၍ တင်ပြပါ။

၃။ "နိုင်ငံခြားအိမ်အကူအလုပ်သမားများ၏ဝဘ်ဆိုဒ်" သည်အချက်အလက်များကို ကုဒ်အဖြစ်ပြောင်းလဲပြီး ကွန်ပြူတာကွန်ရက်မှ တဆင့်ပေးပို့ခြင်းဖြင့် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကိုကာကွယ်ပေးသွားပါမည်။

၄။ အလုပျသမားရေးရာ ဦးစီးဌာန (LD)သည် သင်၏စုံစမ်းမေးမြန်း/တိုင်ကြားမှုကို အခြားအစိုးရ၏သတင်းအချက်အလက်ရနိုင်သော အဖွဲ့အစည်း၊ ဌာနများ၊ အသင်းအဖွဲ့အစည်းများ နှင့်သက်ဆိုင်နေလျှင် ဆက်လက်တင်ပြပေးသွားပါမည်။

၅။ သင်၏စုံစမ်းမေးမြန်း/တိုင်ကြားမှု အောင်မြင်စွာလျှောက်ထားပြီးပါက၊ သင်ဆက်လက်စုံစမ်းမေးမြန်းမှုများ လွယ်ကူ ချောမွေ့စေရန် ရည်ညွန်းနံပါတ် ကိုသင်လက်ခံရရှိပါလိမ့်မည်။


ပုဂ္ဂိုလ်ရေးရာအချက်အလက်များစုဆောင်းခြင်းနှင့်သက်ဆိုင်သောထုတ်ပြန်ကြေညာချက်

စုဆောင်းရခြင်းရည်ရည်ချက်

၁။ ဤပုံစံတွင်ကောက်ခံထားသော ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို အလုပ်သမားငှားရမ်းခြင်းအမိန့်ပြန်တမ်း (Cap.57) နှင့်အလုပ်သမားလျှော်ကြေးအမိန့်ပြန်တမ်း (Cap.282) နှင့် သင်ဟောင်ကောင်တွင် အိမ်အကူအလုပ်အကိုင်နှင့်ဆက်စပ်နေသော အထောက်အပံအကူအညီများကိုလည်းဘဲပံပိုးပေးနိုင်ရန် ပြဌန်းထားသောအလုပ်ခန့်ခြင်းစာချုပ် (ID407) နှင့်အညီ အလုပ်ရှင်က လိုက်နာမှုရှိမရှိစစ်ဆေးခြင်းတို့အား စီမံခန့်ခွဲရာတွင်အသုံးပြု ရန်ရည်ရွယ်ထားပါသည်။


လွဲပြောင်းပေးမည့်သက်ဆိုင်ရာအဆင့်အတန်းများ

၂။ သင်ပေးထားသောကိုယ်ရေးအချက်အလက်များကို အခြားအစိုးရဌာနများသို့မဟုတ် သတင်းအချက်အလက်ရနိုင်သည့် ဌါနများ (ဥပမာ။ဟောင်ကောင်ရဲတပ်ဖွဲ့၊လူဝင်မှုြုကီးကြပ်ရေးဦးစီးဌါန စသဖြင့်) ကို စာပိုဒ်-(၁)တွင်ဖေါ်ပြထားသောရည်ရွယ်ချက်အတိုင်း ဖွင့်လှစ်ပြသနိုင်သည်။


ကိုယ်ရေးရာဇဝင်အားအသုံးပြုခွင့်

၃။ သင်သည်ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ(မိမိအတွင်းရေးကိစ္စ)အမိန့်ပြန်တမ်း (Cap.486) အရ သင်ပေးထားသော ကိုယ်ရေး အချက်အလက်များအား ဝင်ကြည့်ရှု့ခွင့်နှင့်ပြင်ဆင်ခွင့်ရှိသည်။ ကိုယ်ရေးအချက်အလက်များကို ဝင်ရောက်ကြည့်ရှု့ခြင်းနှင့် ပြင်ဆင်လိုပါက အလုုပ်သမားဦးစီးဌါနမူဝါဒချ အထောက်အကူပြု ဌာနခွဲ (လိပ်စာ: 16/F, One Mong Kok Road Commercial Centre, 1 Mong Kok Road, Kowloon) သို့စာရေး၍ လျှောက်ထားတောင်းဆိုနိုင်ပါသည်။


မေးမြန်းစုံစမ်းခြင်း

၄။ သင်၏ကိုယ်ရေးအချက်အလက်များကို စုဆောင်းသိမ်းဆည်းခြင်း၊ဝင်ရောက်ကြည့်ရှု့ခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်ရန် မေးမြန်းစုံစမ်းလိုပါက ကျေးဇူးပြု ၍ အလုုပ်သမားဦးစီးဌါနမူဝါဒချအထောက်အကူပြု ဌာနခွဲသို့လိပ်စာတပ်ပေးပါ။

လိပ်စာ: 16/F, One Mong Kok Road Commercial Centre, 1 Mong Kok Road, Kowloon

ဖုန်းနံပါတ်: 3582 8989